စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်များနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ တိုင်းဒေသကြီး/ပြည်နယ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မွန်းလွဲ (၁၅:၀၀) နာရီအချိန်တွင် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ညွှန်ကြားရေးမှူးများ  တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က  ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများရေးဆွဲရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်စီမံခန့်ခွဲရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို လမ်းညွှန်မှာကြားပါသည်။

ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို မွန်းလွဲ (၁၆:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။