ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း (၂/၂၀၂၃)နှင့် ငွေစာရင်းဆိုင်ရာမွမ်းမံသင်တန်း (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနား

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ခရိုင်နှင့်မြို့နယ်တာဝန်ခံများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း (၂/၂၀၂၃) နှင့် ငွေစာရင်းဆိုင်ရာမွမ်းမံသင်တန်း (၃/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းဦးစီးရုံးအဆင့်ဆင့်က တာဝန်ယူဆောင်ရွက်နေသောလုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့်အညီ အချိန်နှင့်တစ်ပြေးညီ လိုက်ပါဆောင်ရွက်နိုင်ရန်၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေရသော ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရာ၌ မိမိတို့ဌာနရှိ ဝန်ထမ်းများ၏လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်နှင့် အရည်အသွေးပိုမိုထက်မြက်လာစေရန်၊ စိတ်ဓာတ်စည်းကမ်းများ၊ အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းဖြင့် မိမိတို့ဌာနနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည့်အပြင် နိုင်ငံတော်၏ လူသားအရင်းအနှီးလိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုစေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၃) ဦး တက်ရောက်ကြပါသည်။