စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

,

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊    စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏   ဝန်ထမ်းထုဆန္ဒ   ဖော်ထုတ်ပွဲအခမ်းအနားကို   ၂၀၂၃  ခုနှစ်၊ ဇွန်လ   
(၈)  ရက်နေ့၊  မွန်းလွဲ (၁၄:၃၀) နာရီအချိန်တွင်   ဌာန၏အစည်းအဝေးခန်းမ၌    Hybrid    ပုံစံဖြင့်   ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းစုစုပေါင်း ဝန်ထမ်းဦးရေ (၁၇၅)ဦး တက်ရောက်ကြပါသည်။

     အဆိုပါဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင်  ညွှန်ကြားရေးမှူးချုပ်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဂရုစိုက်ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်
သန့်ရှင်းသာယာလှပရေး၊   ရာသီကြောင့်ရောဂါဖြစ်ပွားမှု   ကာကွယ်ဆောင်ရွက်ရေး၊  အမှိုက်စိုနှင့်အမှိုက်ခြောက်ခွဲ၍  စနစ်တကျစွန့်ပစ်ရေး၊ 
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ မပျက်မကွက်နေထိုင်ကြရေး လမ်းညွှန်မှာကြား
ပါသည်။

     ထို့နောက် ကဏ္ဍအသီးသီးရှိ ဝန်ထမ်းများမှ တင်ပြချက်များအပေါ်  ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး
ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို မွန်းလွဲ (၁၅:၄၅) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။