စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်ရက်ကြေညာခြင်း

                                                 စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

                                                     စီမံကိန်းရေးဆွဲရေးဦးစီးဌာန

                 ဒုတိယဦးစီးမှူးရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်ရက်ကြေညာခြင်း

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ၁၇-၁၁-၂၀၂၁ ရက်နေ့ နှင့် ၁၈-၁၁-၂၀၂၁

ရက်နေ့များတွင် မြဝတီသတင်းစာ၊ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့၌ ကြော်ငြာခေါ်ယူထားသော

ဒုတိယဦးစီးမှူးရာထူး (၁၀၀) နေရာအတွက် အရည်အချင်းစစ် ရေးဖြေစာမေးပွဲကို နေပြည်တော်နှင့် တိုင်းဒေသကြီး၊

ပြည်နယ်များတွင် အောက်ပါအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

ကျင်းပမည့်နေ့ရက်                  ကျင်းပမည့်အချိန်                      ‌ဖြေဆိုရမည့်ဘာသာရပ်

၂၄-၁၂-၂၀၂၁             နံနက် ၀၉း၀၀ နာရီမှ ၁၂း၀၀ နာရီအထိ             မြန်မာစာ နှင့်

(သောကြာနေ့)                                                                        အထွေထွေဗဟုသုတ

၂၄-၁၂-၂၀၂၁            နေ့လည် ၁၃း၀၀ နာရီမှ ၁၅း၀၀ နာရီထိ               အင်္ဂလိပ်စာ

(သောကြာနေ့)

၂။       စာမေးပွဲဖြေဆိုရာတွင် နေပြည်တော်တွင် ဖြေဆိုရမည့်သူများအနေဖြင့် နေပြည်တော်၊ အမျိုးသားမှတ်တမ်း

များမော်ကွန်းတိုက်ဦးစီးဌာနတွင်လည်းကောင်း၊ နယ်မှဖြေဆိုရမည့်သူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/

ပြည်နယ်များရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးများတွင်လည်းကောင်း ဖြေဆိုရမည်ဖြစ်ပါသည်။

(ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။)

၃။      လျှောက်လွှာတင်ထားသည့်ပုဂ္ဂိုလ်များအနေဖြင့် ဖြေဆိုခွင့်ကတ်များကို -၁၂-၂၀၂ ရက်နေ့တွင် စီမံကိန်း

ရေးဆွဲရေးဦးစီးဌာန (ရုံးချုပ်)နှင့် မိမိတို့ လျှောက်လွှာတင်ခဲ့သည့် တိုင်းဒေသကြီး၊ ပြည်နယ်စီမံကိန်းဦးစီးရုံးများတွင်

နံနက် (၁၀း၀၀) နာရီမှ (၁၆း၀၀) နာရီအထိ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မူရင်း)ပြသ၍ ကိုယ်တိုင်သွားရောက်

ထုတ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက် များကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ Website ဖြစ်သော

www.mopf.gov.mm အောက်ရှိ  စီမံကိန်းရေးဆွဲရေးဦးစီးဌာန Web Page တွင် ကြည့်ရှုနိုင်ပြီး တယ်လီဖုန်းအမှတ်

၀၆၇-၃၄၀၇၅၁၇၊   ၀၆၇-၃၄၀၇၀၂၀၊ ၀၆၇-၃၄၀၇၂၆၈ သို့ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။