အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သင်္ဘောသားအသက်အာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနား

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၊ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်များ ဝယ်ယူထားရှိပြီး မော်တော်ယာဉ်၊ လူ့အသက်ဆုံးရှုံးခဲ့သူများသို့ ဆုံးရှုံးမှုနစ်နာကြေးပေးအပ်ပွဲ အခမ်းအနားအား ရန်ကုန်မြို့၊ မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်) ၊ စတုတ္ထထပ်၊ အစည်းအဝေးခန်းမတွင် ၂၄.၁၁.၂၀၁၇ ရက်နေ့ (၁၄:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဆုံးရှုံးနစ်နာမှု လျော်ကြေးများလက်ခံရယူရန် မော်တော်ယာဉ်ပိုင်ရှင်များ၊ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းရှင်များ၊ ကဏ္ဍအသီးသီးမှ မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံထားရှိသူများ၊ မြန်မာ့အာမခံလုပ်ငန်း ဌာနအသီးသီးမှ ဌာနအကြီးအမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ရှေးဦးစွာမြန်မာ့အာမခံလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦး က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် နိုင်ငံပိုင်တစ်ခုတည်းသော အာမခံလုပ်ငန်းအဖွဲ့ အစည်းတစ်ခုဖြစ်သည့် မြန်မာ့အာမခံလုပ်ငန်းတွင် အာမခံအကာအကွယ်ရယူထားသော စီးပွားရေးလုပ်ငန်းရှင်များနှင့် အာမခံထားရှိသူများသို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနစ်နာမှုများအတွက် ပြုလုပ်သည့် လျော်ကြေး ပေးအပ်ပွဲအခမ်းအနားဖြစ်​ကြောင်း၊ အလုံးစုံမော်တော်ယာဉ် အာမခံလုပ်ငန်းအနေဖြင့် ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အထိ မော်တော်ယာဉ်  ၃၀၃  စီးအတွက် ကျပ် ၄၁၇,၅၂၅,၀၆၇/-  (ကျပ် လေးထောင်တစ်ရာခုနှစ်ဆယ့်ငါးသိန်းနှစ်သောင်းငါးထောင်ခြောက်ဆယ့်ခုနစ်တိတိ)    ပေးလျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင်     အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသော    မော်တော်ယာဉ်    (၄)   စီး  အတွက် ကျပ် ၂၂,၇၇၁,၅၈၅/- (ကျပ်နှစ်ရာနှစ်ဆယ့်ခုနှစ်သိန်းခုနှစ်သောင်းတစ်ထောင် ငါးရာရှစ်ဆယ့်ငါးတိတိ) အား ပေးအပ်ခြင်းနှင့် သင်္ဘောသားအသက်အာမခံဝယ်ယူထားသော သင်္ဘောသား (၂)ဦး ကွယ်လွန်ခြင်းအတွက် ကျပ်သိန်း(၁၀၀) ပေးအပ်ခြင်းဖြစ်ကြောင်းနှင့်  မြန်မာ့အာမခံလုပ်ငန်းသို့ ယုံကြည်အားကိုးစွာဖြင့် လာရောက် အာမခံထားသူများအတွက် အလုပ်လက်ခံများလွယ်ကူလျင်မြန်စွာပြီးမြောက်အောင် ဆောင်ရွက်ပေးနေသကဲ့သို့ ကံမကောင်းအကြောင်းမလှ၍ နစ်နာဆုံးရှုံးမှုဖြစ်ပွားသူများသို့လည်းနစ်နာကြေး၊ လျော်ကြေးများ လျင်မြန်စွာ စီစစ်ထုတ်ပေးခြင်းအားဖြင့် အာမခံလုပ်ငန်းအပေါ် ပြည်သူများပိုမိုယုံကြည်အားကိုးလာကာပြည်သူ့အကျိုး၊ နိုင်ငံအကျိုးဆထက်ထမ်းပိုးပိုမိုတိုးတက်လာအောင်   ဆောင်ရွက်လျက်ရှိပါကြောင်း   ပြောကြားခဲ့ပါသည်။ အာမခံလျော်ကြေး နစ်နာကြေးလက်ခံရရှိသူများမှလည်း ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ လျော်ကြေးပေးအပ်ပွဲအခမ်းအနားအား (၁၅:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။