အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သူတစ်ပါးထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲအခမ်းအနား

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှ အလုံးစုံမော်တော်ယာဉ်အာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးပေးအပ်ပွဲကို ၁၃-၉-၂၀၁၇ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာဦးနှင့် အရာထမ်း၊ ဝန်ထမ်းများ၊ ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ အဝေးပြေး ဥက္ကဌနှင့် တာဝန်ရှိသူများ၊ အကျိုးခံစားခွင့်ရှိသူ (၃) ဦးနှင့် နစ်နာသူမိသားစုဝင် (၁၁) ဦး၏ မိသားစုဝင်များတက်ရောက်ကြပါသည်။

အခမ်းအနားတွင် အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိသူများ ဖြစ်ကြသော မန်းရွှေပြည်-ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းမှ ဦးလှမိုးအောင်သို့ ကျပ်သိန်း ၄၇၀.၄၄၂၆၀၊ Hercules Logistics Company Limited မှ ဦးထွန်းမင်းအောင်သို့ ကျပ်သိန်း ၂၀၀၊ အာကာသယာဉ်လိုင်းအသင်းမှ ဒေါ်သပြေယုသို့ ကျပ်သိန်း ၄၀၀၊ စုစုပေါင်း ကျပ်သိန်း ၁၀၇၀.၄၄၂၀၆ ပေးအပ်ခဲ့ပါသည်။

၄င်းအပြင် ယာဉ်မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့သဖြင့် နစ်နာသူ (၁၁)ဦးအတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်းဖြင့် ကျပ် ၁၁၀ သိန်း နှင့် အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသော ယာဉ်ပေါ်ပါ ခရီးသည်သေဆုံးခြင်းအတွက် ကျပ် ၁၀ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၁၂၀ ပေးအပ်ခဲ့ပါသည်။

လျော်ကြေးငွေစုစုပေါင်းမှာ ကျပ်သိန်း ၁၁၉၀.၄၄၂၀၆ ဖြစ်ပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းသည် အာမခံလုပ်ငန်းအမျိုးအစား ၄၈ မျိုးကို ရောင်းချလျက်ရှိပြီး အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းကဏ္ဍများတွင် ပြည်သူများအတွက် နှောင့်နှေး မှုမရှိ အချိန်နှင့်တပြေးညီ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။