(၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲနှင့် ပတ်သက်၍ ကြေညာချက်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေသိန်းဆုဌာနခွဲ

ကြေညာချက်

(၂၀၁၉ခုနှစ်၊ မတ် လ   ၃၀ ရက်)

၁။  ၂၀၁၉ ခုနှစ်၊ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် (၂၅) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲအတွက် "က" အက္ခရာမှ "ဌ" အက္ခရာထိ စုစုပေါင်းအက္ခရာ (၁၂)လုံး၊ ထီစာအုပ်(၉၈၁၈၁၆) အုပ်အား ရောင်းချပေးခဲ့ပါသည်။

၂။  ထိုသို့ရောင်းချပေးခဲ့ရာတွင် ထီစာအုပ်(၇၇၈၃၆၈) အုပ်ရောင်းချခဲ့ရပြီး ထီစာအုပ် (၂၀၃၄၄၈)အုပ်မှာ ရောင်းမကုန်ထီအဖြစ်ကျန်ရှိခဲ့ပါသည်။ အဆိုပါ ရောင်းမကုန်ထီလက်မှတ်များအား ပြည်တွင်းအခွန်များဦးစီးဌာန၏ Website: www.irdmyanmar.gov.mm နှင့် အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြော်ငြာသင်ပုန်းတွင် ကြေညာထားပါသည်။

၃။  ထီစာအုပ်ရောင်းရငွေမှာ(၃၈၉၁.၈၄၀) သန်းဖြစ်ပြီး ၆၀% ထီဆုငွေအဖြစ်ခွဲဝေပေးမည့် ​ငွေမှာ (၂၃၃၅.၁၀၄) သန်း ဖြစ်ပါသည်။

၄။  ထီဆုငွေများကိုအထူးဆုကြီးစနစ်မှ ကျပ်သိန်းတစ်သောင်းဆုကျပ်သိန်းတစ်ထောင်ဆု၊ ဆုတစ်ဆုချင်းစနစ်မှ ကျပ်သိန်းငါးရာဆုကျပ်သိန်းသုံးရာဆုကျပ်သိန်းတစ်ရာဆုကျပ်သိန်းငါးဆယ်ဆုကျပ်သိန်းသုံးဆယ်ဆုကျပ်တစ်ဆယ်သိန်းဆုမဲများနှင့် ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ်(၃)သိန်းဆုကျပ်(၂)သိန်းဆုကျပ်(၁)သိန်းဆု နှင့် ကျပ်ငါးသောင်းဆုမဲများကိုဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။

၅။  ထီဖွင့်ပွဲတွင် အထူးဆုကြီးစနစ်နှင့်ဆုတစ်ဆုချင်းစနစ်မှ ရောင်းမကုန်ထီလက်မှတ်နံပါတ်မှဆုမဲပေါ်ထွက်လာပါက ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ ဝေဝေဆာဆာဆုမဲစနစ်တွင် ရောင်းမကုန်ထီလက်မှတ်နံပါတ်မှ ဆုမဲပေါ်ထွက်လာပါက အဆိုပါ ဆုမဲတန်ဖိုးများအား စုပေါင်းပြီး အခြားသင့်လျှော်သောဆုမဲများအားအစားထိုး ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။

၆။  အောင်ဘာလေသိန်းဆုဖွင့်ပွဲကို (၁.၄.၂၀၁၉)ရက်နေ့(တနင်္လာနေ့) နံနက် (၈)နာရီ အချိန်တွင် အမှတ် ၃၈၄၊ မဟာဗန္ဓုလလမ်းနှင့် ၃၇လမ်းထောင့်၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းကြေညာအပ်ပါသည်။