အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (၃/၂၀၁၈) ကြိမ်မြောက်အစည်းအဝေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ (၃/၂၀၁၈)

ကြိမ်မြောက် အစည်းအဝေးကို  ၂၀-၉-၂၀၁၈  ရက်နေ့တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊

ရုံးအမှတ် (၂၆) တွင် ကျင်းပပါသည်။

အဆိုပါအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီးနှင့်

ကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကား

ပြောကြားရာတွင်   အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ ရေရှည် တည်တံ့ ခိုင်မာမှုရှိပြီး

စနစ်တကျဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံတစ်ဝန်းဒေသအသီးသီးရှိ အခြေခံလူတန်းစားများ၏

လူမှု  စီးပွားဘဝကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ၊   ငွေစုငွေချေးလုပ်ငန်း   သာမက

ပြည်သူလူထု လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေးကို    ထိရောက်စွာ ကူညီနိုင်မည့်  အခြားနည်းလမ်း

အကူအညီ အထောက်အပံ့များကိုလည်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ထုတ်ချေးငွေအပေါ်

ကောက်ယူသည့် အတိုးနှုန်း  လျှော့ချနိုင်ရေးနှင့်  အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများမှာ 

အခြား  ဝန်ဆောင်ခများ ကောက်ခံခြင်းအတွက်   ညွှန်ကြားချက် ထုတ်ပြန်ရန်   လိုအပ်ကြောင်း၊

အသေးစားငွေရေးကြေးရေး    အဖွဲ့အစည်းများအား ဝေးလံသည့် ဒေသများအထိ နယ်မြေဖြန့်ကျက်

လုပ်ငန်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားပါသည်။

ထို့နောက် ဒုတိယဝန်ကြီးမှ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် ကြီးကြပ်

ကွပ်ကဲသူဖြစ်သည့်အတွက်   ဥပဒေ အားနည်းချက်များ ပြင်ဆင်နိုင်ရေးလိုအပ်ပါကြောင်း၊

ကြီးကြပ်ကွပ်ကဲမှုတွင် On-Site၊Off-Site များ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန်နှင့်

Monitoring  လုပ်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍  အသေးစားငွေရေး ကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးမှ

 အသေးစားငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီး အစည်းအဝေး

တက် ရောက်လာသော ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ဦးစီးမှူးများမှမိမိတို့ ဒေသအလိုက်

လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များအား ရှင်းလင်းဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးမောင်မောင်ဝင်းမှ

နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများအား နိုင်ငံတော်၏

မူဝါဒနှင့်အညီ တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ပြည်တွင်းကုမ္ပဏီများအား တွန်းအားပေးဆောင်ရွက်

စေလိုကြောင်း၊အဖွဲ့အစည်းများ၏ လိုအပ်ချက် တင်ပြချက်များကို ဝိုင်းဝန်း ဆွေးနွေး ဆောင်ရွက်သွား

ရမည်ဖြစ်ကြောင်း၊ထို့အပြင် စနစ်တကျလုပ်ငန်း ဆောင်ရွက်ရေးအတွက် ကြီးကြပ်စစ်ဆေးမှုကို

ပုံမှန်ဆောင်ရွက်ကြရန်နှင့် ပြည်သူလူထု၏အခက်အခဲလိုအပ်ချက်များကို အမှန် ဖြည့်ဆည်း

ပံ့ပိုးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားပါသည်။