

စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ညွှန်ကြားရေးမှူး များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊
ဇူလိုင်လ ၂၇ ရက်၊ မွန်းလွဲ ၁၃း၀၀ နာရီတွင် ဌာန၏ အစည်းအဝေးခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူးများ တက်ရောက်ပါသည်။
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ဆိုက်ဘာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ
ကိစ္စရပ်များ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ကိန်းဂဏန်းအချက်အလက်များ ပြည့်စုံစွာ ရရှိရေးတို့နှင့် စပ်လျဉ်း၍
လမ်းညွှန်မှာကြားပါသည်။
ထို့နောက် တိုင်းဒေသကြီး/ပြည်နယ်စီမံကိန်းဦးစီးရုံးများမှ ညွှန်ကြားရေးမှူးများက ဒေသ အလိုက် ဆောင်ရွက်မှုများကို ပြန်လည်
ဆွေးနွေးပါသည်။ ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းမှုများနှင့် လမ်းညွှန်မှုများပြုလုပ်ကာ အစည်းအဝေးကို မွန်းလွဲ (၁၆:၃၀) နာရီတွင် ရုပ်သိမ်းပါသည်။