အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အခမ်းအနားများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၁၈ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်အခမ်းအနားများကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) နှင့် (ရန်ကုန်) တို့တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့ ပြခန်းများ ခင်းကျင်းပြသခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

၂၀၁၈ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့တွင် နေပြည်တော်မော်ကွန်းတိုက်၌ မော်ကွန်းပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲကို ကျင်းပခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပြီး ဒေါ်ခင်ခင်ထွန်း ညွှန်ကြားရေးမှူး (ငြိမ်း) အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၊ ဒေါ်တင်ဘုန်းနွယ် စာကြည့်တိုက်မှူး (ငြိမ်း)၊ တက္ကသိုလ်များဗဟိုစာကြည့်တိုက်၊ ဦးမြဟန် မြန်မာသမိုင်းကော်မရှင်အဖွဲ့ဝင်၊ ညွှန်ကြားရေးမှူး (ငြိမ်း) တက္ကသိုလ်များသမိုင်းသုတေသနဦးစီးဌာနနှင့် ဒေါက်တာလတ်လတ်စိုး လက်ထောက်ညွှန်ကြားရေးမှူး၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနတို့မှ မော်ကွန်းမှတ်တမ်းပညာရပ်ဆိုင်ရာ စာတမ်း (၄) စောင် ဖတ်ကြားခဲ့ပါသည်။

 

အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် ပြခန်းများခင်းကျင်းပြသသည့် ကာလအတွင်း အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (နေပြည်တော်) သို့ တက္ကသိုလ် ကော လိပ်များဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ် အသုံးချစာရင်းအင်းပညာမဟာဘွဲ့သင်တန်း၊ ပြည်တက္ကသိုလ်၊ မုံရွာပညာရေးကောလိပ်၊ ဗန်းမော်တက္ကသိုလ်၊ မိုးညှင်းဒီဂရီကောလိပ်၊ ဟားခါး (GTI) ၊ ရွှေဘို (GTC)၊ အခြေခံပညာကျောင်းများဖြစ်သည့် အ.ထ.က (၁၈) နေပြည်တော်၊ အ.ထ.က (၇) နေပြည်တော်၊ အ.ထ.က (၈) နေပြည်တော်၊ အ.ထ.က (၉) နေပြည်တော်၊ အ.ထ.က (၁၀) နေပြည်တော်၊ အ.ထ.က (၁၁) နေပြည်တော်၊ အ.ထ.က (၁၄) နေပြည်တော်၊ အ.ထ.က (၂၂) နေပြည်တော်၊ Our Inspiration Academic Center (Private School)၊ Honey Tree ((Private Middle School)၊ FELC (Private High School)၊ Wisdom Hill (Private School)၊ CAE (Private High School)၊ ပညာလွင်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် နိုင်ငံခြားသားများ၊ အများပြည်သူများ စုစုပေါင်း (၂၉၆၃) ဦးနှင့်  အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရန်ကုန်)သို့ ပြတိုက်ဒီပလိုမာသင်တန်း၊ အ.ထ.က (၂) အလုံ၊ အ.ထ.က (၆) အလုံ၊ အ.ထ.က (၁) လသာ၊ အ.ထ.က (၂) လသာ၊ အ.ထ.က (၁) လမ်းမတော်၊ အ.ထ.က (၂) လမ်းမတော်၊ အ.ထ.က (၅) ကမာရွတ်၊ အ.ထ.က (၂) စမ်းချောင်း၊ အ.လ.က (၁)ဒဂုံ၊ အ.လ.က (၂)ဒဂုံ တို့မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် နိုင်ငံခြားသားများ၊ အများပြည်သူများ စုစုပေါင်း (၁၁၅၅) ဦး စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြပါသည်။