ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပွဲကျင်းပ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ငွေကြေးခဝါချမှုနှင့် အကြမ်း‌ဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးအဖွဲ့၏လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် "ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်‌ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ရန်ကုန်စတော့အိပ်ချိန်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ငွေချေးသက်‌သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇင်ထွန်း က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကော်မရှင်ရုံး ဈေးကွက်စုံစမ်းထောက်လှမ်းခြင်းဌာန ညွှန်ကြားရေးမှူးက ငွေချေးသက်‌သေခံလက်မှတ်လုပ်ငန်းတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ကော်မရှင်မှထုတ်ပြန်ခဲ့သည့်ညွှန်ကြားချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးနှင့် ရန်ကုန်စတော့အိပ်ချိန်းတို့မှ တာဝန်ရှိသူစုစုပေါင်း (၂၃) ဦး တက်ရောက်ခဲ့ကြပါသည်။