စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပခြင်း

,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ

(၂၈) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Hybrid ပုံစံဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်

အရာထမ်း၊ အမှုထမ်းများအားလုံး တက်ရောက်ခဲ့ပါသည်။

အဆိုပါဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲတွင် ညွှန်ကြားရေးမှူးချုပ်က ပထမဦးစွာ ၂၀၂၂-၂၀၂၃ ဖြည့်စွက်ရန်ပုံငွေကိစ္စရပ်များဆောင်ရွက်ရာတွင်

ဌာနရှိ ဝန်ထမ်းများအားလုံး တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ကြသည့်အတွက် ဝမ်းမြောက်ကျေးဇူးတင်ကြောင်း၊ လာမည့် (၆) လပတ်

အစီရင်ခံစာများ ပြုစုဆောင်ရွက်ရာတွင်လည်း ဝိုင်းဝန်း၍ ဆောင်ရွက်သွားစေလိုကြောင်းနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း

ရေးဆွဲရာတွင်လည်း စိစစ်မှုများကို စနစ်တကျ ဆောင်ရွက်ပေးရန်တို့ကို မှာကြားပါသည်။ ဆက်လက်၍ နိုင်ငံတော်၏ဘဏ္ဍာငွေများ ဆုံးရှုံးမှု

မရှိစေရေးအတွက် ရုံးသုံးပစ္စည်းများ ပျောက်ဆုံး၊ ပျက်စီးမှုမရှိစေရေး ထိန်းသိမ်းရန်၊ ရုံးလုံခြုံရေးနှင့် Data Center လုံခြုံရေးတွင်လည်း

အ‌လေးထား ဆောင်ရွက်ရန်၊ ရုံးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိသော ကွန်ပျူတာများရှိ အချက်အလက်များကိုလည်း Virus နှင့်

အခြားအကြောင်းတစ်မျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရန်တို့အတွက် အပတ်စဉ် Data Backup ပြုလုပ်မှုများကို အဆင့်ဆင့် စိစစ်သွားရန်

နှင့် သတင်းအချက်အလက်လုံခြုံရေးအတွက် အထူးသတိပြုဆောင်ရွက်ရန် မှာကြားပါသည်။ ထို့ပြင် အပတ်စဉ် သောကြာနေ့တိုင်း ရုံးတွင်း၊

ရုံးပြင် သန့်ရှင်းရေးဆောင်ရွက်မှုများကို မပျက်မကွက် ဆောင်ရွက်သွားရန်နှင့် ဝန်ထမ်းများအားလုံး Covid-19 စည်းကမ်းချက်များနှင့်အညီ

နေထိုင်သွားကြရန် လမ်းညွှန်မှာကြားပါသည်။

ထို့နောက် ကဏ္ဍတစ်ခုချင်းစီမှ အမှုထမ်း၊ အရာထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို နံနက် (၁၁:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။