“ပဉ္စမအကြိမ်မြောက် မေခရိုစီးပွားရေးစီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး ကျင်းပခြင်း”

, , , ,

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Sustainable Development Plan-MSDP) ၏ မဏ္ဍိုင်(၁)၊ ပန်းတိုင် (၂)၊ မဟာဗျူဟာ (၂.၁) မှ (၂.၅) ထိ Action Plan များကို အကောင်အထည်ဖော်ဆောင်ရွက်မည့် မေခရိုစီးပွားရေး စီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Macroeconomic Management Sector Coordination Group- MMSCG) ၏ လုပ်ငန်းဆောင်ရွက်တိုးတက်မှု အခြေအနေများနှင့် စပ်လျဉ်း ၍ ပဉ္စမအကြိမ်မြောက်အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား မေခရိုစီးပွားရေး စီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဒုတိယဉက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ဦးမောင်မောင်ဝင်းမှ ဦးဆောင်ခဲ့ပြီး MMSCG အဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ (၅) ဖွဲ့မှ အဖွဲ့ ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များတက်ရောက်ခဲ့ကြ ပါသည်။

အစည်းအဝေးတွင် မေခရိုစီးပွားရေးစီမံခန့်ခွဲမှုအခြေအနေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက် များအပေါ် ဒုတိယဝန်ကြီးမှရှင်းလင်းပြောကြားခဲ့ပြီး မေခရိုစီးပွားရေးစီမံခန့်ခွဲမှုကဏ္ဍဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ (၅) ဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့၊ နှစ်လတ်ဘဏ္ဍာရေးမူဘောင်ရေးဆွဲပြုစု ရေးအဖွဲ့၊ ရငွေကြိုတင်ခန့်မှန်းရေးနှင့်စီမံကြီးကြပ်ရေးအဖွဲ့၊ အသုံးစရိတ်စီမံခန့်ခွဲရေးအဖွဲ့နှင့်ဘဏ္ဍာငွေ ဖြည့်ဆည်းရေးနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေးအဖွဲ့တို့၏ အဖွဲ့ခေါင်းဆောင်များမှ လေးလပတ် အတွင်း လုပ်ငန်းအဖွဲ့အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တိုးတက်မှုများ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှု များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး World Bank, IMF, MDI, EU, JICA, DFID, DFAT, UNICEF, ADB, Spectrum,Australian Embassy စသည့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းခြင်းနှင့် အဖွဲ့များ၏လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်သည့်အကြံပြုဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက်မေခရိုစီးပွားရေးစီမံခန့်ခွဲမှု ကဏ္ဍဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ဒုတိယဉက္ကဋ္ဌ၊  စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးမောင်မောင်ဝင်းမှ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်မှုများ ပြုလုပ်ခဲ့ပါသည်။