စိစစ်ရေးမှူး-၂ ရာထူး ရေးဖြေစာမေးပွဲ ဖြေဆိုရန် အကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ငွေတိုက်ဦးစီးဌာန

စိစစ်ရေးမှူး-၂ ရာထူး ရေးဖြေစာမေးပွဲ ဖြေဆိုရန် အကြောင်းကြားခြင်း

၁။      စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေတိုက်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော စိစစ်ရေးမှူး-၂ (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူး (၅၀) နေရာအတွက် လျှောက်လွှာ ခေါ်ယူခဲ့ပြီးဖြစ်ရာ ရေးဖြေစာမေးပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် လာရောက်ဖြေဆိုနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

စာမေးပွဲ

ကျင်းပမည့်နေ့

အချိန်

ဘာသာရပ်

ကျင်းပမည့်နေရာ

၂၆-၆-၂၀၂၁

(စနေနေ့)

နံနက် ၁၀ နာရီမှ

မွန်းတည့် ၁၂ နာရီအထိ

မေးခွန်းလွှာ(၁)

မြန်မာစာနှင့် အင်္ဂလိပ်စာ

အထက (၅) နေပြည်တော်

၂၆-၆-၂၀၂၁

(စနေနေ့)

မွန်းလွဲ ၁ နာရီမှ

ညနေ ၃ နာရီအထိ

မေးခွန်းလွှာ(၂) အထွေထွေဗဟုသုတ

အထက (၅)

နေပြည်တော်

၂။       ယူဆောင်လာရမည့်စာရွက်စာတမ်းများ

          (က)    နိုင်ငံသားစိစစ်ရေးကဒ်ပြား (မူရင်း)

          (ခ)     လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြထားသော စာရွက်စာတမ်း (မူရင်း) များ

၃။      စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားနှင့် အထက်အပိုဒ်(၂)ပါ အထောက်အထားစာရွက်စာတမ်း (မူရင်း) များကို ယူဆောင်လာရန် ပျက်ကွက်ပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့်ပြုမည် မဟုတ်ပါ။

၄။      စာမေးပွဲဖြေဆိုသူများသည် အထက (၅) ၊ နေပြည်တော်သို့ ၂၆-၆-၂၀၂၁ ရက်နေ့ (စနေနေ့) နံနက် ၉ နာရီထက် နောက်မကျစေဘဲ သတင်းပို့ရမည်ဖြစ်ပါသည်။

၅။      စာမေးပွဲဖြေဆိုခွင့်ရရှိသူများ၏ ခုံအမှတ်များအား ငွေတိုက်ဦးစီးဌာန၊ ရုံးအမှတ်(၃၄)၊ နေပြည်တော် တွင် ၁၄--၂၀၂၁ ရက်နေ့ (တနင်္လာနေ့) ၌ ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး ငွေတိုက်ဦးစီးဌာန၏ ကြော်ငြာသင်ပုန်းနှင့် ဤဝန်ကြီးဌာန၏ Website www.mopf.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ပြီး တယ်လီဖုန်းအမှတ် ၀၆၇-၃၄၁၀၁၆၂ သို့လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။

၆။      စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများကို ၂၃-၆-၂၀၂၁ မှ ၂၅-၆-၂၀၂၁ ရက်နေ့ထိ ရုံးချိန်အတွင်း ဖြေဆိုခွင့်ရရှိသူ၏ မှတ်ပုံတင်(မူရင်း) ပြ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

 

AttachmentSize
PDF icon exam.pdf250.24 KB