ကင်းထောက်လူငယ်မောင်မယ်များမှ လေ့လာရေးခရီးစဉ်လာရောက်ခြင်း

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအခြေပြု ကင်းထောက်လူငယ်(၉၃)ဦးနှင့် အုပ်ချုပ်သူဆရာ/ဆရာမများ တို့ဖြင့် စုစုပေါင်း (၁၁၃)ဦးတို့သည် ၂၁-၅-၂၀၂၃ (တနင်္ဂနွေနေ့) နံနက် (၁၂:၂၅)နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(နေပြည်‌တော်ရုံးချုပ်)သို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ပါသည်။

 အဆိုပါ လေ့လာရေးအဖွဲ့အား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ကြိုဆိုကြပြီး ညွှန်ကြားရေးမှူးချုပ်က ဌာန၏ သမိုင်းကြောင်း၊ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များနှင့် မှတ်တမ်းမော်ကွန်းများရယူရေး၊ အထောက်အထားများ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်ထားရှိပုံနှင့်သုတေသီဝန်ဆောင်မှုဆောင်ရွက်ပေးနေမှု တို့ကို Power Point ဖြင့် ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနခွဲတာဝန်ခံများက လေ့လာရေးအဖွဲ့အား မော်ကွန်းပြခန်းများသို့  လှည့်လည် ရှင်းလင်းပြသခဲ့ပါသည်။

          အဆိုပါ ကင်းထောက်လူငယ်လေ့လာရေးအဖွဲ့သည် မော်ကွန်းပြခန်းများတွင် စိတ်ပါ ဝင်စားစွာ လှည့်လည်ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြပါသည်။ ဌာန၏ လက်ကမ်းစာစောင်များကို ကျောင်းသားလူငယ်များအား အသိပညာပေး ဖြန့်ဝေပေးခဲ့ပါသည်။ လေ့လာရေးအဖွဲ့သည် (၁၃:၃၀)နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ပြန်လည် ထွက်ခွာသွားကြပါသည်။

, , ,