လူမှုရေးဆိုင်ရာညွှန်ကိန်းများ တွက်ချက်နည်း ဌာနတွင်းသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

လူမှုရေးဆိုင်ရာညွှန်ကိန်းများ တွက်ချက်နည်း ဌာနတွင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၃၀-၁၁-၂၀၂၃ ရက်နေ့၊ နေ့လယ် (၁:၀၀) နာရီ အချိန်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ (၂) ရက်ကြာ ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ဗဟိုစာရင်းအင်းအဖွဲ့၏ သင်တန်းခန်းမ၌ နေပြည်တော် (ရုံးချုပ်)ရှိ ဝန်ထမ်းများအား In person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ထမ်းများအား Online စနစ်ဖြင့်လည်းကောင်း သင်ကြားပို့ချမည်ဖြစ်ပါသည်။
သင်တန်းဖွင့်လှစ်ရသည့် အဓိကရည်ရွယ်ချက်များမှာ-
သင်တန်းသားများအနေဖြင့် စာရင်းအင်းအရည်အသွေးပြည့်ဝစေရေးနှင့် စာရင်းအင်း စနစ်ပြည့်စုံတိကျမှန်ကန်စေရေးအတွက် လူမှု-စီးပွားရေးဆိုင်ရာအချက်အလက်များ၊ ညွှန်ကိန်း များကို ပြည့်စုံအောင်တွက်ချက်ဆောင်ရွက်နိုင်စေရန် လူမှုရေးညွှန်ကိန်းများဖြစ်သည့် လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ အာဟာရ၊ အလုပ်အကိုင်၊ ပြစ်မှု၊ လူမှုစောင့်ရှောက်ရေး၊ လူထုဆက်သွယ်ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလာမှုစသည့် လူမှုရေးကဏ္ဍစုံ ဖြစ်တည်မှုများနှင့် လူမှုဆောင်ရွက်ချက် အသီးသီးကို ဖော်ညွှန်းပြသသည့်ညွှန်ကိန်းများ တွက်ချက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။
သင်ကြားပို့ချမည့် ဘာသာရပ်ဆိုင်ရာများမှာ-
လူမှုရေးညွှန်ကိန်းများနှင့်စပ်လျဉ်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ တွက်ချက်ပုံနည်းလမ်း များ၊ ဆန်းစစ်သုံးသပ်လေ့လာခြင်းများကို သင်ယူခြင်းဖြင့် နည်းပညာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ် နိုင်ခြင်း၊ Time Series အလိုက် နှိုင်းယှဉ်လေ့လာသုံးသပ်နိုင်ခြင်း၊ လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများကိုသုံးသပ်နိုင်ခြင်း၊ စောင့်ကြည့်အကဲဖြတ်သည့်စနစ် (M&E) အတွက် အထောက် အပံ့ပြုနိုင်ခြင်း၊ မူဝါဒနှင့်စီမံကိန်းများအတွက် သတင်းအချက်အလက်များပံ့ပိုးပေးနိုင်ခြင်း စသည့် စာရင်းအင်းအချက်အလက်တွက်ချက်သည့် နည်းလမ်းတို့ကို သင်ကြားပို့ချမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ ဗဟိုစာရင်းအင်းအဖွဲ့၊ နေပြည်တော်(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၁) ဦး တက်ရောက်ကြမည်ဖြစ်ပါသည်။ 
သတင်းစဉ်   
 

,