စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေစီမံကိန်း ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်‌ချေးငွေစီမံကိန်း (JICA, Two Step Loan) စီမံကိန်းဦးဆောင်ကော်မတီ အစည်းအဝေး (၂၁/၂၀၂၂) ကို ယနေ့၊  နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ရာ စီမံကိန်း ဦးဆောင်ကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက ဆွေးနွေးပြောကြားရာတွင် JICA, Two Step Loan ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင်စတင်ခဲ့ပြီး စီမံကိန်းတန်ဖိုး ကျပ်ဘီလီယံ(၂၀၀)ခန့်ရှိကာ ဆိုင်းငံ့ကာလ (၁၀)နှစ်၊ ပြန်ဆပ် ကာလနှစ်(၃၀)၊ ပေါင်းနှစ်(၄၀) သက်တမ်းရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တောင်သူလယ် သမားများ၏ လယ်ယာကုန်ထုတ်လုပ်ငန်းများတွင် အဓိကအသုံးပြုသည့် လယ်ယာသုံးစက်ကိရိ ယာများနှင့် လယ်ယာစီးပွားအခြေခံ စက်ရုံ၊ အလုပ်ရုံများတည်ဆောက်နိုင်ရန် အတိုးနှုန်းသက်သာသည့် ချေးငွေများကို တောင်သူတစ်ဦးချင်း ကျပ်သိန်း (၇၀၀) ထိ နှစ်တို(၃)နှစ်၊ နှစ်ရှည် (၅)နှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကုန်ထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်(၁၄)ခုရှိ မြို့နယ်(၁၈၇) ခုတို့ မှ တောင်သူ (၅၅၇၆) ဦးသို့ ချေးငွေ ကျပ်(၂၂၉.၉၇၉)ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ ချေးငွေရယူထားသည့် တောင်သူများမှ အချိန်စေ့အရစ်ကျပြန်ဆပ်သည့်ငွေကိုချေးငွေရယူလိုသည့် တောင်သူများသို့ စဉ်ဆက်မပြတ် ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ချေးငွေအစီအစဉ် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းဖြင့် တောင်သူများ၏ ဝင်ငွေတိုး တက်လာစေပြီး လယ်ယာကဏ္ဍဖွံ့ ဖြိုးရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်းနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်နှင့် ဘဏ်ခွဲအဆင့် ဆင့်အနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုဖြင့် စဉ်ဆက်မပြတ် Evaluation & Monitoring ပြုလုပ်ပြီး စီမံကိန်းအောင်မြင်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနများနှင့် အမြဲမပြတ် ပူးပေါင်း ဆောင်ရွက်သွားရန်တို့အား ဆွေးနွေးမှာကြားပါသည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဦးဆောင်ညွှန်ကြားရေးမှူးဦးမင်းသူနှင့် တာဝန်ရှိသူများက JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ၊ တောင်သူတစ်ဦး ချင်းအများဆုံးထုတ်ချေးနိုင်မည့် ငွေပမာဏ သိန်း(၅၀၀) မှ သိန်း(၇၀၀) သို့ တိုးမြှင့်ထုတ်ချေးခွင့်ပြုသည့် အခြေအနေများကို  တင်ပြ ဆွေးနွေးကြပါသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တို့မှ ဦးဆောင်ကော်မတီအဖွဲ့ဝင်များ   တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်