မှတ်တမ်းနှင့်မော်ကွန်းများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခြင်း

အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန တွင် (၁၂-၁၂-၂၀၂၂)ရက်နေ့၊ နံနက် (၁၀ : ၃၀ )တွင်  မှတ်တမ်းနှင့်မော်ကွန်းများ စိစစ်ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ပါသည်။ သင်တန်းဖွင့်ပွဲတွင်   ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် က တက်ရောက် အဖွင့်အမှာ စကား ပြောကြားခဲ့ပါသည်။

          အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနရဲ့ မှတ်တမ်းနှင့်မော်ကွန်းများ စိစစ် ရွေးချယ်ခြင်းဆိုင်ရာ (အခြေခံ)သင်တန်း ဖွင့်လှစ်ခြင်းမှာ မိမိတို့ဦးစီးဌာနမှာရှိတဲ့ ဝန်ထမ်းများ အနေနဲ့ ရေရှည်ထိန်းသိမ်းသင့်တဲ့ မှတ်တမ်း/ မော်ကွန်းများအား စိစစ် ရွေးချယ်ရာတွင် စနစ် တကျ ရွေးချယ်တတ်စေရန်၊ အသုံးပြုဆဲမှတ်တမ်းများ တိုးပွားလာတာနဲ့အမျှ ထားသိုရန် နေရာ ပေးရန် လိုအပ်လာတဲ့အခါ အသုံးပြုဆဲမဟုတ်တဲ့မှတ်တမ်းများ၊ အသုံးမပြုတော့တဲ့ မှတ်တမ်း များကို ရေရှည် ထိန်းသိမ်းရန် တန်ဖိုးရှိ/မရှိ မစိစစ်နိုင်တော့ပဲ ဖျက်ဆီးသည့်ဘေးမှ ကာကွယ်ရန်၊ အစိုးရရဲ့ မူဝါဒများ၊ စီမံချက်များ၊ ဖွဲ့စည်းပုံများ၊ စာရင်းဇယားများ၊ အလားတူကိစ္စရပ်များနှင့် စပ်လျဉ်း သည့် မှတ်တမ်းများကို ဖျက်ဆီးမိမည့်ဘေးမှကာကွယ်ရန် ၊ မိမိတို့ဌာနရဲ့ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များရရှိရန် ၊ မှတ်တမ်း/ မော်ကွန်းများအား စိစစ်ရွေးချယ်ခြင်းဆိုင်ရာ အသိပညာများ တိုးပွားပြီး အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို အထောက်အပံ့ပေးနိုင်ရန်၊ သင်တန်းမှရရှိသော အတွေ့အကြုံများကို ကောင်းမွန်စွာအသုံးချ၍ နိုင်ငံတော်ရဲ့ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် Good Governance ဖြစ်စေရေး အတွက် အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ သင်တန်းအား တစ်ပတ် လျှင် (၂)ရက်ဖြင့် (၄)ပတ် ၊ (၈)ရက်ကြာ  ဖွင့်လှစ်မည်ဖြစ်ပြီး ဤဦးစီးဌာနမှ သင်တန်းသား/ သူ စုစုပေါင်း (၈၀)ဦး တက်ရောက်ခဲ့ကြပါသည်။

,