နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများ လွှဲပြောင်းလက်ခံခြင်း

           နိုင်ငံခြားရေးဝန်ကြီးဌာန ၊မော်ကွန်းနှင့်စာကြည့်တိုက်ဌာနစုတွင် ထိန်းသိမ်းထားရှိသည့် မော်ကွန်းမှတ်တမ်းများကို မော်ကွန်းမှတ်တမ်းများဉပဒေ နှင့်အညီ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဉီးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

          အဆိုပါ မော်ကွန်းမှတ်တမ်းများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို (၂၇-၁၀-၂၀၂၂) နေ့ နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ၊ မဟာဗျုဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က   မော်ကွန်းစံနှုန်းများနှင့် ကိုက်ညီသည့်မှတ်တမ်း ၁၉၄၉ စောင် ၊ ဓာတ်ပုံ ၆၆၇၂ပုံ နှင့် မြေပုံ ၈၈၄ ချပ်တို့ကို အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့  စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပါသည်။