စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပ

နေပြည်တော်၊  ဖေဖော်ဝါရီ  ၂၅

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့၊ နံနက်ပိုင်း တွင် Virtual စနစ်ဖြင့်ကျင်းပသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သီးခြားစီတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၅-၂-၂၀၂၂ ရက်၊ (၉:၃၀) နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်၌ in person / virtual စနစ်ဖြင့် ကျင်းပ ပါသည်။ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သည်  တစ်နိုင်ငံလုံးတွင်ရှိသည့် တောင်သူလယ်သမား ၁.၈ သန်း ကျော်အတွက် စိုက်ပျိုးစရိတ် ချေးငွေများ ကိုထုတ်ချေးပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးတစ်ခုဖြစ်ပြီး၊ ရုံးချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ဘဏ်ခွဲ ၁၅ ခု၊ ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲ ၂၀၈ ခုဖြင့် ဘဏ်လုပ် ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည့် ဘဏ်ကြီးဖြစ်ကြောင်း၊ တောင်သူဦးကြီးများအတွက် ထိရောက်သည့် စိုက်ပျိုးစရိတ်ချေးငွေများ ပံ့ပိုးဆောင်ရွက်ပေးရာတွင် နိုင်ငံတော်အတွက် အရေးပါသည့် ဘဏ်ကြီး တစ်ခုဖြစ်ကြောင်း၊ ယခုညှိနှိုင်းအစည်းအဝေးတွင်  ပြီးခဲ့သည့် ၆ လ ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်ရွက်မှုများမှ အားသာချက်နှင့် အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ဘဏ်ခွဲတစ်ခုချင်းအလိုက် ဘဏ်၏ မူဝါဒ၊ ရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများကို ညှိနှိုင်း ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အားနည်းချက်နှင့်အားသာချက်များကိုအခြေခံ၍ လာမည့် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ၊ ဖွံ့ဖြိုးရေးချေးငွေများကို စနစ်တကျထုတ်ချေးနိုင်ရေးအတွက် တိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ဆက်စပ်ဌာနအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းစီစဉ်ဆောင် ရွက်ရန်လိုကြောင်း၊ JICA Two Step Loan ချေးငွေအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက် ထုတ်ချေးရန်ဖြစ်ကြောင်း၊ နှစ်အဆက်ဆက်ကြွေးကျန်များ ကျဆင်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် စီမံဆောင်ရွက်ရန်နှင့် ရုံးလုပ်ငန်းများ စနစ်တကျရှိရေးနှင့် ငွေကြေးအလွဲသုံးစားမှုများမဖြစ်ပေါ်စေ ရေးအတွက် ဘဏ်ခွဲများအား ထိရောက်စွာစစ်ဆေးကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ ICT နည်း ပညာများအသုံးပြုနိုင်ရေး၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ရေးအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးရေး၊ Knowledge Sharing အစီအစဉ်များ ပြုလုပ်ပေးရေးတို့ကိုလည်း အလေးထား ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကြွေးကျန် (Non-Performing Loan - NPL) များ ထိရောက်စွာကောက်ခံရရှိရေးကိစ္စကိုလည်း စဉ်ဆက်မပြတ် အလေးအနက်ထားပြီး ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ငွေကြေးအလွဲသုံးစားမှုများ၊ အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်စေရေးအတွက် ခရိုင်နှင့်မြို့နယ်ဘဏ်ခွဲများကို စီမံချက်နှင့်အညီ လစဉ်ထိရောက်စွာ ကြီးကြပ်စစ်ဆေး ဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ထူးချွန်စွာစွမ်းဆောင်ခဲ့ကြသော ဘဏ်ခွဲများနှင့် ဝန်ထမ်းများကို စွမ်းဆောင်ရည်ဆုများ ချီးမြှင့်ပေးခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေး ခြင်းဖြင့် ဂုဏ်ပြုပေးကြရန်နှင့် တာဝန်မကျေပွန်သောဝန်ထမ်းများ၊ စည်းကမ်းဖောက်ဖျက်သော ဝန်ထမ်းများကိုလည်း ထိုက်သင့်သည့်အပြစ်ပေးအရေးယူမှုများဖြင့် ထိန်းကျောင်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခြင်းဖြင့် ဝန်ထမ်းများ၏ စိတ်ဓါတ်နှင့် ကိုယ်ကျင့်တရားကို ထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ပြီး လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့အာမခံလုပ်ငန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို in person / virtual စနစ်ဖြင့် ၂၅-၂-၂၀၂၂ ရက်၊ (၁၀:၃၀) နာရီတွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ကျင်းပပါသည်။ အစည်းအဝေး တွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ ၆ လ ဘတ်ဂျက်အတွက် ဝင်ငွေ ကျပ် ၃၃,၃၀၀ သန်း ရရှိရန် လျာထားဆောင်ရွက်ခဲ့ရာတွင် ယခုနှစ်၊ ဇန်နဝါရီလအထိ ၄ လတာ ဝင်ငွေ ကျပ် ၂၇,၈၂၁.၆၄ သန်းရရှိခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် လျာထား ချက်၏ ၈၃.၅၅ ရာခိုင်နှုန်း အကောင် အထည်ဖော်နိုင်ခဲ့သည်ကိုတွေ့ရကြောင်း၊ အသုံးစရိတ်တွင်လည်း လျာထားချက်ထက် ကျပ် ၁၀,၅၄၃.၂၉၂ သန်း လျော့နည်းသုံးစွဲနိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ဝင်ငွေလျာထားချက် ပြည့်မီ ကျော်လွန်နိုင်မည်ဟု သုံးသပ်ရရှိပါကြောင်း၊ သို့ဖြစ်၍ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများအားလုံး ၏ တက်ညီလက်ညီဖြင့် စိန်ခေါ်မှုများကြားမှ စုပေါင်းဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ဂုဏ်ယူ ပါကြောင်း၊ မြန်မာ့အာမခံလုပ်ငန်း၏အဓိကတာဝန်ဖြစ်သော ပြည်သူများ အချိန်မရွေးကြုံတွေ့ရနိုင်သည့် မီးဘေး၊ ရေဘေး၊ လေဘေး အစရှိသော သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးအတွက် နိုင်ငံတကာအာမခံလုပ်ငန်းအဆင့်အတန်းများနှင့်အညီ လိုအပ်သော အာမခံအမျိုးအစားများကို တီထွင်ဖန်တီးပြီး ပုဂ္ဂလိကကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီများနှင့်အပြိုင် လုပ်ဆောင်ပေးရန်လိုကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့်ကိုက်ညီသည့် အာမခံအမျိုးအစားများကို နိုင်ငံပိုင်အာမခံလုပ်ငန်းအနေဖြင့် လက်တွေ့ကျကျ စီမံဖော်ဆောင်ပေး ရန်ဖြစ်ကြောင်း ပြောကြားပါသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံ အတွက် လိုအပ်သည့်ဘဏ္ဍာငွေများအားရှာဖွေပေးရန် အဓိကတာဝန်ရှိကြောင်း၊ နိုင်ငံအတွက် ရသင့် ရထိုက်သည့်ဘဏ္ဍာငွေများအား သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လေလွင့်ဆုံးရှုံးမှုမရှိဘဲ ရှာဖွေကောက်ခံပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံပိုင် မြန်မာ့အာမခံလုပ်ငန်းနှင့် နိုင်ငံပိုင်ဘဏ်များသည်လည်း ဝင်ငွေရှာဖွေပေးနေသည့်အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ် လုပ်ငန်းဆောင်ရွက်မှုများတွင်ကြုံခဲ့ရသည့် အားနည်းချက်များကို ပြုပြင်ပြီး လာမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ရရှိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။ 

အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တာဝန်ခံမန်နေဂျာ များ တက်ရောက်ကြပြီး၊ ဖွင့်ပွဲအခမ်းအနားအပြီးတွင် အစီအစဉ်အလိုက် ဆက်လက်ဆွေးနွေးကြ ကြောင်း သတင်းရရှိပါသည်။ 

သတင်းစဉ်