Business Opportunity in Myanmar

စက်တင်ဘာ ၈ ရက်ထုတ် ဆွစ်ဇာလန်နေ့စဉ် သတင်းစာတစ်စောင် ဖြစ်သည့် Neue Zurcher Zeitung က မြန်မာနိုင်ငံသို ့လာရောက် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများ အတွက် အကြံဉာဏ်၊ သုတေသနနှင့် နည်းပညာများဆိုင်ရာ အကျိုးဆောင် ကုမ္ပဏီ တစ်ခုဖြစ်သော ရန်ကုန်အခြေစိုက် Thura Swiss ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Patrick Fuchs က မြန်မာနိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းသည် တိုးတက်ကောင်းမွန် နေပြီးနိုင်ငံ၏ဂျီဒီပီမှာ ၁၅ နှစ်အတွင်း သိသာစွာမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်း၊ ထို့အတူ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု၊ ဆက်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းများသည်လည်း နှစ်ဆ မြင့်တက်လာဖွယ်ရှိသည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားသည်။