ADB နှင့် SECM တို့ ပူးတွဲကျင်းပပြုလုပ်သော “ Workshop on Bond Market Development in Emerging East Asia “ အလုပ်ရုံဆွေးနွေးပွဲ ( ၁၁-၈-၂၀၁၇ ) မှ ( ၁၂-၈-၂၀၁၇ )

၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ် ရေးကော်မရှင်နှင့် ADB တို့ပူးပေါင်း၍ “Workshop on Bond Market Development in Emerging East Asia” အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပပြု လုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ ပြည်တွင်းငွေကြေးဖြင့်ထုတ်ဝေသော ငွေချေးစာချုပ်စျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်သူများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေး ရန် ဖြစ်ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဒေါ်တင်မေဦးက “မြန်မာနိုင်ငံ၏ Bond Market ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ ADB မှ ကိုယ်စားလှယ်များ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်နှင့် ငွေတိုက်ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ရန်ကုန်စတော့အိတ်ချိန်း၊ ငွေချေးသက်သေခံ လက်မှတ်ကုမ္ပဏီများ၊ အာမခံကုမ္ပဏီများနှင့်ပုဂ္ဂလိကဘဏ်များမှ အရာထမ်းများ ၆၀ ခန့် တက်ရောက် ကြပါသည်။