MFSDP အကောင်အထည်ဖော် ဆောင်ရွက်ရေးကြီးကြပ်မှုကော်မတီ ပဉ္စမအကြိမ်မြောက် ပုံမှန် အစည်းအဝေး

မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း

(Myanmar Financial Sector Development Project -MFSDP)

အကောင်အထည်ဖော်ဆောင်ရွက်ရေး ကြီးကြပ်မှုကော်မတီ ပဉ္စမအကြိမ်မြောက်

ပုံမှန်အစည်းအဝေးကျင်းပခြင်း

 

၁။      မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(Myanmar Financial Sector

 

Development Project-MFSDP) အကောင်အထည်ဖော်ဆောင်ရွက်ရေး ကြီးကြပ်မှု ကော်မတီ ဥက္ကဌ၊

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း   ဦးဆောင်၍ မြန်မာနိုင်ငံ၏

 

ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MFSDP) အကောင်အထည်ဖော်ဆောင်ရွက်ရေး

 

ကိစ္စနှင့်စပ်လျဉ်း၍ ပဉ္စမအကြိမ် အစည်းအဝေးကို   ၂၀၁၈ ခုနှစ် နိုဝင်ဘာလ(၁၄) ရက်နေ့ နေ့လည်  (၃:၀၀)

 

နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

 

၂။      အဆိုပါကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ညွှန်ကြားရေးမှူးချုပ်

 

ဒေါ်သန်းသန်းဆွေ၊  မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (MFSDP)

 

အကောင်အထည်ဖော်ဆောင်ရွက်ရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊  ငွေရေးကြေးရေး

 

ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ

 

ညွှန်ကြားရေးမှူးများ၊ နိုင်ငံပိုင်ဘဏ် (၄) ဘဏ်မှ ဦးဆောင်ညွှန်ကြားရေးမှူးများ၏ ကိုယ်စား

 

အထွေထွေမန်နေဂျာနှင့် ဒုတိယအထွေထွေမန်နေဂျာများ၊ မြန်မာ့အာမခံလုပ်ငန်းမှ အထွေအထွေ

 

မန်နေဂျာနှင့်  ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း

 

(၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။

 

၃။        အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(MFSDP)

 

အကောင်အထည်ဖော်   ဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်လက်   ဆောင်ရွက်မည့်   လုပ်ငန်းစဉ်များအား

 

အပြန်အလှန်ဆွေးနွေးခြင်း၊ နိုင်ငံပိုင်ဘဏ်များနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ  သိရှိလိုသည့် မေးမြန်းချက်

 

များအား  ကြီးကြပ်မှုကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီးနှင့် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်

 

စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ပြန်လည်ရှင်းလင်း ပြောကြားပြီး ညနေ (၄:၃၀) နာရီတွင်

 

အစည်းအဝေး ပြီးဆုံးခဲ့ပါသည်။