စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏ နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏

နှစ်(၅၀)ပြည့် ရွှေရတုနှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်ခြင်း

(နေပြည်တော်၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်)

           မြန်မာနိုင်ငံတော်လှန်ရေးအစိုးရ၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာနသည် ကာကွယ်ရေးဝန်ကြီး ဌာန၊ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနနှင့် စက်မှုလက်မှုဝန်ကြီး ဌာန တို့မှ လုပ်သက်ရင့်ဝန်ထမ်း(၈)ဦးအား လေ့လာရေးအဖွဲ့ငယ်(၂)ဖွဲ့ကို ဖွဲ့စည်း၍ ဂျာမနီနိုင်ငံရှိ အစိုးရ စက်ရုံများတွင် ကျင့်သုံးလျက် ရှိသောနည်းစနစ်များ၊ ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ကြီးကြပ်ကွပ်ကဲမှုများ အားလေ့လာဆည်းပူးရန် ၁၉၆၈ ခုနှစ်၊ နိုဝင်ဘာလအတွင်း ပြည်ထောင်စုသမ္မတ  ဂျာမနီနိုင်ငံသို့     စေလွှတ်ခဲ့ပါသည်။

          ၁၉၇၀ ပြည့်နှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြပြီး လေ့လာရေးအဖွဲ့ ဝင်များအား အမျိုးသားစီမံကိန်းဝန်ကြီးဌာနတွင် တွဲဖက်ထားရှိ၍ အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ စက်မှုလက်မှုဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ ပါဝင်သော အဖွဲ့ငယ်၏ ကြီးကြပ်မှုဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ် ခဲ့ပါသည်။

            ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဝန်ကြီးအဖွဲ့စီးပွားရေးညှိနှိုင်းမှုကော်မတီ၏ ကြီးကြပ်မှုဖြင့်  လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးညှိနှိုင်းမှုကော်မတီသည် ဝန်ကြီးဌာန အသီးသီးမှ တင်ပြသည့် စီးပွားရေးနှင့် ပတ်သက်သည့်စီမံကိန်းများ၊ လုပ်ငန်းများ၊ ပြဿနာများ၊ အစီရင်ခံစာများစသည်တို့ကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကြိုတင်ညှိနှိုင်းစစ်ဆေးပြီး ဝန်ကြီး အဖွဲ့သို့ တင်ပြခြင်း၊ ပြည်သူပိုင်စီးပွားရေးလုပ်ငန်းများ၏ အခြေအနေကို သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပူးပေါင်း၍ စိစစ်ပြီးဝန်ကြီးအဖွဲ့သို့ အစီရင်ခံခြင်းနှင့် အကြံဉာဏ်ပေးခြင်းစသည့် လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။

            အဆိုပါလုပ်ငန်းများတွင် စီးပွားရေးကော်မတီက ထပ်မံညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ပြီး ကော်မတီသို့ ပြန်လည်တင်ပြအစီရင်ခံမည့် အဖွဲ့အစည်းတစ်ရပ်သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်လာ သဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ(၁)ရက် နေ့မှစ၍ ပြည်ထောင်စုမြန်မာနိုင်ငံအုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်မှုစိစစ်ရေးအဖွဲ့စသည့် အထက်အဖွဲ့အစည်း များ၏  သဘောတူခွင့်ပြုချက်ဖြင့်  စီမံကိန်းစိစစ်ရေးနှင့်  တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနကို  ခွင့်ပြုအင်အား အရာထမ်းရာထူး (၁၈)ဦး၊ အမှုထမ်းရာထူး (၃၆)ဦး၊ စုစုပေါင်း (၅၄)ဦးဖြင့် စတင်ဖွဲ့စည်း၍ အရာထမ်းရာထူး(၁၇)ဦး၊ အမှုထမ်းရာထူး(၂၃)ဦး၊ စုစုပေါင်း(၄၀)ဦးဖြင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန် များကိုစတင်ထမ်းဆောင်ခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များအရဌာန၏ ဖွဲ့စည်းပုံကိုအဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ ဆက်လက်ထမ်းဆောင်ခဲ့ရာ ၂၀၂၂ ခုနှစ် ၊ အောက်တိုဘာလ(၁) ရက် နေ့တွင် နှစ်(၅၀) ပြည့်မြောက်ခဲ့ပါသည်။

         စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၏နှစ်(၅၀)ပြည့်နှစ်ရွှေရတုနှစ်ပတ်လည် အခမ်းအနားကို ၁-၁၀-၂၀၂၂ ရက်နေ့(စနေနေ့)နံနက်(၉:၃၀) နာရီတွင် ရုံးအမှတ်(၃၂)၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် သံဃာတော်များအား နေ့ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်း များဆပ်ကပ်လှူဒါန်း၍ ပရိတ်တရားတော်များနာယူခြင်း၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြား ရေးမှူးချုပ်တို့မှ အမှာစကားပြောကြားခြင်း၊ ဝန်ထမ်းများအား နေ့လည်စာ ဧည့်ခံကျွေးမွေးခြင်းနှင့် ဗလာမပါကံစမ်းမဲများ ဖောက်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

, , ,