မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေးလျက်ရှိ

၁။      နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်သည် အများပြည်သူတို့၏ အပ်နှံ‌‌ငွေများကို လက်ခံ ဆောင်ရွက်ပေးခြင်း၊ အစိုးရဌာနများအားလုံး၏ ငွေစာရင်းများ ထိန်းသိမ်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေများထုတ်ပေးခြင်း၊ အငြိမ်းစားလစာငွေများ တာဝန်ယူထုတ်ပေးခြင်း စသည့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

၂။      အငြိမ်းစားလစာငွေများကို E-Pension ကတ်အသုံးပြု၍ သက်ဆိုင်ရာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင်လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် ATM ကတ်အသုံးပြု၍လည်းကောင်း၊ Mobile Internet အသုံးပြုဆောင်ရွက်သည့် Myanmar Mobile Money (MMM), MPT Pay, Mytel Pay များ အသုံးပြု၍ မိမိတို့နှင့်နီးစပ်ရာ Mobile Agents များထံတွင် လည်း ကောင်း၊ အငြိမ်းစားလစာများ လစဉ်ထုတ်ယူရန်သတ်မှတ်ထားသည့် (၂၁) ရက်နေ့မှစ၍ ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အငြိမ်းစားလစာငွေများကို အဆင်‌ပြေ ချောမွေ့စွာထုတ်ပေးလျက်ရှိပါသည်။ ယနေ့ (၂၁-၅-၂၀၂၁) ရက်နေ့တွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများက ၎င်းတို့၏ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြန်မာ့စီးပွားရေးဘဏ်များတွင် အဆင်ပြေချောမွေ့စွာ ထုတ်ယူလျက်ရှိပါသည်။

၃။     ထို့ပြင် ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁) တွင် အထူးကောင်တာဖွင့်လှစ်ပြီး ဘဏ် စာရင်းအသစ်များဖွင့်လှစ်ပေး၍ ငွေသားအပ်နှံခြင်းကိုလက်ခံဆောင်ရွက်ပေးခြင်း၊ မြန်မာ့ စီးပွားရေးဘဏ်ခွဲ (၇၆) ဘဏ်သို့ အပြန်အလှန် ငွေသားဖြင့် ငွေလွှဲပေးပို့ခြင်း၊ လွှဲ့ပို့ငွေ ရပ်အတိုင်း ငွေသားထုတ်ပေးခြင်း ဝန်ဆောင်မှုလုပ်ငန်းသစ်ကို ဆောင်ရွက်ပေးလျက် ရှိပါသည်။

, , ,