မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် မအူပင်စက်မှုဇုန်စီမံကိန်းအား စောလျင်စွာအကောင်အထည်ဖော် ပြီးစီးရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

, ,

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည်  ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ မအူပင်စက်မှုဇုန်စီမံကိန်းရှိ ရေဝတီရှင်းလင်းဆောင်ခန်းမ၌ အဆိုပါ စက်မှု ဇုန်မှ  လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်များမှ မအူပင်စက်မှုဇုန် စီမံကိန်း လက်ရှိဆောင်ရွက်နေသည့်အခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက စီမံကိန်း စောလျင်စွာ အကောင်အထည်ဖော်ပြီးစီးရေး အလေးထား ဆောင်ရွက်ကြရန်နှင့် တင်ပြချက်များအား အသေးစိတ် ပြန်လည်ဆွေးနွေးညှိနှိုင်း ခဲ့ပါ သည်။

အဆိုပါ စက်မှုဇုန်စီမံကိန်းသည် (၁၀.၁၁.၂၀၁၇) ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့်   စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ  ရန်ကုန်-မအူပင်-ကျိုက်လတ်-ဖျာပုံလမ်းမကြီးဘေးတွင် တည်ရှိပြီး ရန်ကုန်မြို့နှင့် ၅၄မိုင်/၈၇ ကီလိုမီတာ ကွာဝေးပါသည်။ တိုးမြစ်နှင့် တွံ့တေး တူးမြောင်းမှ တစ်ဆင့်  သီလဝါဆိပ်ကမ်းနှင့် ပင်လယ်ပြင်ထွက်ပေါက်သို့ သွားလာနိုင်မည်ဖြစ်ရာ ရန်ကုန်မြို့၊ ပုသိမ်မြို့ အပါအဝင် မြို့ကြီး (၁၀) မြို့နှင့် မချိန်အခါမရွေး သွားလာနိုင်သော  လမ်းမကြီး ကွန်ရက်အတွင်း တည်ရှိပါသည်။

 စက်မှုဇုန်၏ စုစုပေါင်း အကျယ်အဝန်းမှာ (၂၄၉.၂၈) ဧက ကျယ်ဝန်းပြီး အဆိုပါဇုန်အတွင်းတွင် ကုန်သွယ်မှု လုပ်ငန်းနေရာများ၊ ချည်မျှင်နှင့် အထည် စက်ရုံများ၊ အကြီးစား စက်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများ၊   အသေးစား စက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ ပါဝင်မည် ဖြစ်ပါသည်။ စီမံကိန်းကာလမှာ (၃) နှစ် ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် ပြီးစီးမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။