စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဉရောပအာရှ စီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ဥရောပအာရှ စီးပွားရေးကော်မရှင်၊ အကြီးစားစီးပွားရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးချုပ်ရုံး မှ အကြီးအကဲ Mr. Andrey DIANSKY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် (၁၀:၀၀) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

 

ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်အဖွဲ့ဝင်နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်ဖက်ဘဏ်များအချင်းချင်း ဘဏ် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။  

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်း သန်းလင်းနှင့် သက်ဆိုင်ရာဌာနအကြီးအကဲများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

သတင်းစဉ်